Wednesday, January 1, 2014

ဝင်းဒိုးတင်ပြီးဆောင်ထားသင့်သော Software များစုစည်းမှု

ကျွန်တော်ဒီတစ်ခါ ၀င်းဒိုးတင်ပြီးတာနဲ့ အဓိကအသုံးဝင်ဆော့စ်ဝဲလ်များကို စုစည်းပေးထားပါတယ်။
ဆော့စ်ဝဲအားလုံး 24 မျိုးပါဝင်ပါတယ်။ မိမိလိုအပ်တဲ့ဆော့စ်ဝဲကိုကလစ်ပြီး Install လုပ်လိုက်ရုံပါပဲ။
နောက်ဆုံးထွက်လာတဲ့ Full Version အသစ်များကိုသာရေွးချယ်တင်ပေးထားခြင်းဖြစ်ပါတယ်။
ပါဝင်တဲ့ အမျိုးအစားတွေကတော့...
1.E-Book..
1) EMail ကိုအကောင်းဆုံးလုံးချုံအောင် ကာကွယ်နည်း။
2) Skype ကိုမြန်မာလိုကောင်းစွာအသုံးပြုနည်း။
3) Facebook ကိုအကောင်းဆုံးအသုံးပြုတတ်အောင်လေ့လာနည်း။
4) Gmail & Gtalk ကိုအကောင်းဆုံးအသုံးနည်း နှင့် အသုံးချနည်းများ။

 2. Myanmar Fonts All in One ( 400 in 1 )
 3. Windows 7 Loader For (32bit / 64bit )
 4. 7zip Windows (32bit)
 5. 7zip Windows (64bit)
 6. ESED-NOD32 Antivirus (All Windows)
 7. Firefox 26 Beta 1
 8. Flashplayer 11-9
 9. FoxitReader
10.GoogleTalk (GTalk)
11.I-Dictionary  5ဘာသာကိုမြန်မာဘာသာပြန်နိုင်သော (5 in 1 )
12.Internet Download Manager 1.18 Build 4 + Patch
13.Netframe 3.5 (I-Dictionary သုံးသူများNetframe 3.5 ကိုအရင် အင်စတောလုပ်ပါ )
14.Teamviewer 8.1.0
15.VLC-Windows (32bit)
16.VLC-Windows (64bit)
17.Window Media Player 11
18.ZawGyiFont For Windows 7 (32bit)
19.ZawGyiFont For Windows 7 (64bit)  
20.ZawGyiFont For Windows XP (32/64bit)
21.WinRar (32bit)
22.WinRar (64bit)


 ဆော့စ်ဝဲအားလုံးပေါင်း ဖိုင်ဆိုဒ် 230MB ရှိပါတယ်။ လိုအပ်မယ့်ဆော့စ်ဝဲများဖြစ်သည့်အတွက်  ဒေါင်းပြီးသိမ်းထားသင့်ပါတယ်။   

ကြော်ငြာလေးကလစ်ခြင်းဖြင့်အားပေးကြပါ.....
http://mm-knowledgeinfo.blogspot.com/2013/11/software.html 

                                       Credit:www.mm-knowledge.com

iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း

iOS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။
မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။

ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ...


iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက်တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။
ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။

လိုအပ်ချက်များ
  • iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
  • Cydia ကို version Update လုပ်ထားရန်


မှတ်ချက်
  • အစကနဦး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။
  • "ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျှင် Remove လုပ်နိုင်ပါသည်)

iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
မြန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။




လုပ်ငန်းစဉ်

မြန်မာစာ အတွက် Install Source (1)


  • Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
  • Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။


မြန်မာလက်ကွက် အတွက် Install Source (2)


  • Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
  • Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။

  • Restart Springboard


Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)




မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။

ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။

**Apple log မှာ တစ်နေခြင်း (Boot Loop) ဖြစ်နေခဲ့သော်**


  • Device ကို PC နှင့် မချိပ်ဆက်ပဲ DFU mode ဝင်ပါ။
  • DFU mode ရောက်သွားပါက iTunes နှင့် ချိပ်ဆက်ပါ၊ Restore လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။


iOS, App များ Crash ဖြစ်ခဲ့သော် iTunes နှင့် ချိပ်ဆက်ပြီး Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ။ 



                            ဒီနေရာမှ ကူးယူဖော်ပြသည်         www.mm-knowledge.com