Monday, April 14, 2014

Nokia ဖုန်းများအတွက် မြန်မာဖောင့် သွင်းနည်း



Nokia ဖုန်းများအတွက် မြန်မာဖောင့် သွင်းနည်း ၂
အရင်းဆုံးအနေနဲ့ မြန်မာဖောင့်ကိုဒီမှာဒေါင်းလိုက်ပါ။
ဒေါင်းပြီးသွားရင်ဖိုင်ဖြည်လိုက်ပါ။ ပြီးရင် Font Zoomer ဆိုတဲ့ဆော့ဖ်ဝဲကို အရင်ဆုံးဖုန်းထဲ install
လုပ်လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ sd card ထဲကို ထဲ့ချင်တဲ့ဖောင့်ကို copy ကူးထည့်လိုက်ပါ။
ပြီးရင် ဖုန်းထဲကနေ file manager ထဲဝင်ပြီး ခုနက copy ကူးထည့်ထားတဲ့ဖောင့်ကို copy ကူးလိုက်ပါ။
ပြီးရင် C:datafontzoomer ထဲမှာ paste လုပ်လိုက်ပါ။ ပြီးရင် Font Zoomer ကိုဖွင့်လိုက်ပါ။
Font Zoomer ထဲက options ထဲက Show Font list ထဲဝင်ပါ ပြီးရင် ကိုထည့်ချင်တဲ့ ဖောင့်ကို ၁ချက်နိုပ်လိုက်ပါ။ ပြီးရင် အမှန်ခြစ်လေး (အစိမ်းရောင်) လေးကိုနိုပ်ပေးလိုက်ပါ။ ပြီးရင် ဖုန်းကို restart ချလိုက်ပါ။ အဲဒါဆိုအဆင်ပြေသွားပါပြီ။

အသုံးပြုနိုင်မဲ့ဖုန်းအမျိုးအစားများမှာ
Nokia 5800, Nokia 5230, Nokia 5233, Nokia 5250, Nokia 5228, Nokia 5235, Nokia 3250, Nokia 5320, Nokia 5500, Nokia 5530, Nokia 5630, Nokia 5700, Nokia 5730,
Nokia 6110, Nokia 6120, Nokia 6124, Nokia 6210, Nokia 6220, Nokia 6290, Nokia 6650, Nokia 6710, Nokia 6720, Nokia 6730, Nokia 6760, Nokia 6788, Nokia 6790,
Nokia: E50, E51, E52, E55, E60, E61, E62, E63, E65, E66, E70, E71, E72, E75, E90, N8, N71, N73, N75, N76, N77, N78, N79, N80, N81, N82, N85, N86, N91,
N92,N93, N95, N96, N97, N97 mini, X6, C7-00, E7-00, C5-03, C6.
ဖြစ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။

Credit mgnyinyi
========================================================
Nokia ဖုန်းများ ဟက်နည်းနဲ့ မြန်မာဖောင့်ထည့်နည်း (2)

Nokia ဖုန်းများ ကို မြန်မာဖောင့်နဲ့ ကီးဘုတ်အသုံးပြုနိုင်ရန်အတွက် အရင်ဆုံး ဖုန်းကိုဟက်ရပါမယ်။
Nokia ဖုန်းများဟက်နည်းနဲ့ မြန်မာဖောင့်ထည့်နည်းကို ဒီမှာ ဒေါင်းလိုက်ပါ။
ဖုန်းကိုအလွယ်ကူဆုံးနည်းလမ်းလေးကိုပြောပါမယ်။

အရင်ဆုံး Dr.web Antivirus နဲ့ Norton Antivirus ကို ဖုန်းထဲထည့်လိုက်ပါ။
(ဖုန်းထဲ install လုပ်လိုက်ပါ ) ပြီးရင် အရင်ဆုံး Dr.web Antivirus ထဲကိုဝင်လိုက်ပါ။
Option ထဲဝင်ပြီး Quarantine ကို နိုပ်လိုက်ပါ။ ပြီးရင် Option ထဲဝင်ပြီး Select all ကိုနိုပ်လိုက်ပါ။
ပြီးရင် Option ထဲဝင်ပြီး Restore ကိုနှိပ်ပါ။
ပြီးရင် Norton Antivirus ထဲဝင်လိုက်ပါ။ Options ထဲက Anti-Virus ထဲက Quarantine list ကိုနိုပ်လိုက်ပါ။
ပြီးရင် Options ထဲက Restore All ကိုနိုပ်ပြီး Ok ပေးလိုက်ပါ။ ပြီးရင်ဖုန်းရဲ့ menu ကနေ File Manager ထဲဝင်လိုက်ပါ။ ပြီးရင် C:DataHack ထဲကနေ RomPatcherPlus_3.1.sisx ကို Install လုပ်လိုက်ပါ။
RomPatcherPlus_3.1 ကိုသွင်းပြီးရင် menu ကနေဝင်ကြည့်လိုက်ပါ။ RomPatcherPlus ကိုတွေ့ရလိမ္မည်။
RomPatcherPlus ထဲဝင်လိုက်ပါ ပြီးရင် Install Server RP+ နှင့် Open4All RP+ စိမ်းသွားအောင် နိုပ်ပေးလိုက်ပါ။ အဲဒါဆိုအဆင်ပြေသွားမှာပါ။

 ဒေါင်းထားတဲ့ ထဲကမြန်မာဖောင့်နဲ့ကီးဘုတ်ကိုသွင်းဖို့အတွက် SymbianMyanmarv3.0 rar ဖိုင်ထဲနေယူသွင်းလိုက်ပါ။ပြီးရင် SymbianMyanmarv3.0 ထဲဝင်လိုက်ပြီး ထိတ်ဆုံးကAknFEP ဆိုတာလေးကိုဝင်ပြီး လေးထောင့်အကွတ်လေးပေါနေတဲ့ဟာကိုရွေးပေးလိုက်ပါ။ ပြီးရင် ဖုန်းကို restart ချလိုက်ပါ။ အဲဒါဆို အဆင်ပြေသွားပါပြီ။

အားလုံးအဆင်ပြေကြပါစေ။
Credit mgnyinyi

No comments:

Post a Comment