Monday, April 14, 2014

Nokia Phone များအတွက် မြန်မာဖေါင့်ထည့်နည်း စုစည်းတင်ပြခြင်း

 Nokia Phone များအတွက် မြန်မာဖေါင့်ထည့်နည်း စုစည်းတင်ပြခြင်း

ဒါက ကျနော်ရေးတာ မဟုတ်ပါဘူး..။
မေးထားတာတွေ များပြီး ကျနော်အလုပ်မအားတာနဲ့ ပြန်လည် မျှဝေလိုက်တာပါ..။
ကျနော်ကတော့ http://www.sawlinux.org/  ကနေ ကူးယူပါတယ်..။ 


စီဘောက်စ်က ညီလေးတစ်ယောက် Nokia Phone များအတွက် မြန်မာဖေါင့်ထည့်နည်းသိချင်ပါတယ်ဆိုလို့ ကျနော်စုစည်းတင်ပြပေး
လိုက်တာပါ။ တကယ်တော့ ဖုန်းဗားရှင်းအကုန်လိုက်စမ်းသပ်ဖို့မလွယ်ဘူးလေ။ ကျနော်တောင်ကိုင်တဲ့ Nokia Phone က ခြောက်ရာ
တန်ဆိုတော့ သဘောပေါက်ပါတယ်နော်။ အမှန်က နောက်ပိုင်းကျနော်တင်တဲ့ပို့စ်အများစု ကိုယ်တိုင်စမ်းသပ်ပြီးမှတင်တာများပါ
တယ်။ Samsung တွေက စမ်းသပ်ပြီးမှတင်တာပါပဲ။ အခု Nokia Phone ကတော့ လိုအပ်သာ စုစည်းပြီးတင်ပေးလိုက်တဲ့သဘော
ပဲ။ ကျနော်ဆိုက်သုံးခုကနေ စုစည်းပြီး တင်ပေးလိုက်တယ်။ ဒေါင်းလုဒ်လင့်တွေကတော့ အလုပ်
မလုပ်မသိဘူးနော်။ ဒေါင်းလင့်သေ
တယ်ဆိုရင် အဲဒီဆိုက်ရဲ့အက်ဒ်မင်တွေကို ပြန်တောင်းဆိုလိုက်ပါ။

Nokia Phone များအတွက် မြန်မာဖေါင့်ထည့်နည်း စုစည်းတင်ပြခြင်း

Symbian OS သုံး Nokia Touch Screen ဖုန်းတွေအတွက် မြန်မာကီးဘုတ်နဲ့မြန်မာဖောင့်

Nokia touch ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်သောမြန်မာကီးဘုတ်ရောပါတဲ့ SymbianMyanmar v3.0 ကိုတင်ပေးလိုက်ပါတယ် ။
ယင်းဆော့ဖ်ဝဲသည် မြန်မာစာ အသုံးများကို ဖုန်းစနစ်များ အတွင်းတွင် ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်ပြီး SMS ပို့ခြင်း အင်တာ
နက်ကြည့်ရှုခြင်း သီချင်း နားထောင်ခြင်းတို့နှင့် အခြား office application များတွင်ပါ မြန်မာစာကို အသုံးပြုနိုင်မည်ဖြစ်သည်..။ ယင်းမြန်
မာစာ စနစ်တွင် အသုံးပြုထားသော font အမျိုးအစားများမှာ ဇော်ဂျိ နှင့် မြစေတီ font များကို သုံးစွဲထားခြင်းဖြစ်ပြီး ယင်းဖောင့်များ
ထည့်သွင်းထားသော ဖုန်းများသို့ SMS ပို့ရာတွင်လည်း တဖက်မှ SymbianMyanmar ဆော့ဖ်ဝဲ မရှိရင်တောင်မှ ယင်းစာများကို မြင်
ရနိုင်မည်ဖြစ်သည်..။SymbianMyanmar v3.0 ကိုထည့်သွင်းလိုပါက series 60v5 ဖုန်းများဖြစ်သော Nokia 5800, N97, 5530, X6

အခြား Symmbian OS သုံး Nokia touchScreen ဖုန်းများတွင် ထည့်သွင်းနိုင်မည်ဖြစ်သည်..။
လုပ်ဆောင်နိုင်တဲ့ features တွေအနေနဲ့
1. Contacts – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
2. Message – မြန်မာစာသားဖြင့် ပေးပို့နိုင်ခြင်း။
3. Web Broswer – မြန်မာစာသားဖြင့် ရှာဖွေနိုင်ခြင်း။
4. Key Number – မြန်မာအက္ခရာအဖြစ် ပြောင်းလဲခြင်း။
5. Contact Bar – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
6. Website – ဇော်ဂျီဖောင့်အား မြင်နိုင်ခြင်း။
7. File Name – ဇော်ဂျီဖောင့်အား အသုံးပြုနိုင်ခြင်းနှင့် အခြားသော အသုံးဝင်မှုများ။
(အထူးသတိပြုရမှာက – ဒီ application ကိုမသွင်းခင်မှာ ဖုန်းထဲမှာ မြန်မာစာပေါ်အောင်လုပ်ထားတဲ့ application တွေ ၊ font
တွေကိုအရင်ဖြုတ်ထားဖို့ပါပဲ ။ error တက်နိုင်ပါတယ်)

အောက်မှာ application ကိုရယူနိုင်ပါတယ်။

(SymbianMyanmar v3.0 အားရယူရန် application ကိုသွင်းပြီးရင် ဖုန်းကို restart ချပါ)
SymbianMyanmar ကိုဖုန်းထဲမှာမသွင်းခင် အောက်မှာပြောထားတဲ့ နည်းနဲ့ အရင်လုပ်ပါ ။နို့မို့ဆိုရင် SymbianMyanmar ကိုသွင်းရာမှာ error တက်ပါလိမ့်မယ်။ Certificate Error မဖြစ်အောင်သွင်းနည်း

Nokia ဖုန်းတွေမှာ application သွင်းရင် Certificate error မဖြစ်တော့အောင် Hack နည်း (၂)

Nokia ဖုန်းတွေမှာ တစ်ချို့ application တွေသွင်းရင် Certificate error ဆိုတာမျိုး ပြပါတယ်။ အဲလိုမျိုးတွေမဖြစ်အောင် အရင်က တရုတ် website တွေမှာ ဖုန်းရဲ့ IMEI number နဲ့ certificate လျှောက်ပြီးမှ သွင်းရပါတယ်။ အခုတော့ အဲဒါတွေလည်း မရတော့ပါဘူး။
ဒီနည်းလေးကိုလည်းစမ်းသပ်တာအောင်မြင်လို့ပြန် ဝေမျှပေးလိုက်ပါတယ်။
အရင်ဆုံး ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။ ဖုန်းရဲ့ memory card location ကွန်ပျူတာမှာပေါ်လာပြီဆိုရင်ကြည့်လိုက်ပါ။
တကယ်လို့ဖုန်းရဲ့ memory card location က E:/ ဆိုရင် အောက်မှာပေးထားတဲ့ဖိုင်ကို download လုပ်ပါ။
QuarantineDriversLDD.zip အားရယူရန်
တကယ်လို့ဖုန်းရဲ့ memory card location က F:/ ဆိုရင် အောက်မှာပေးထားတဲ့ဖိုင်ကို download လုပ်ပါ။
QuarantineF.zip အားရယူရန်
ကိုယ့် Drive နဲ့ဆိုင်တဲ့ zip ဖိုင်ကို download လုပ်ပြီးပြီဆိုရင် zip ဖြည်လိုက်ရင် Private ဆိုတဲ့နာမည်နဲ့ folder လေးတစ်ခုရလာပါမယ်။
အဲဒီ folder ကို ဖုန်း memory card ထဲကိုထည့်လိုက်ပါ။ ‘Private’ folder ကိုထည့်ရာမှာ ဖုန်း memory card ရဲ့ ဘယ် folder အောက်ကိုမှမထည့်ပါနဲ့ ။
Memory card ရဲ့ main directory အောက်မှာပဲထည့်ပါ ။ ဥပမာ – memory card ရဲ့ Drive location က F: ဆိုရင် ‘Private’ folder လေးကို F: အောက်မှာပဲ
ထားပါ။
ပြီးရင် Dr.web Antivirus ကိုရယူလိုက်ပါ။
Dr.web Antivirus အားရယူရန်
Dr.web antivirus ကို download ရယူပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Dr.Web Antivirus ထဲကိုဝင်လိုက်ပါ။
အောက်ပုံအတိုင်းပါ။




Dr.Web Antivirus ထဲကိုရောက်ပြီဆိုရင် Option ကိုနှိပ်ပါ။ ပြီးရင် Quarantine ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။


Quarantine ထဲကိုရောက်ပြီဆိုရင် Option ကိုနှိပ်ပါ။ ပြီးရင် Select all ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။


ပြီးရင် option ကိုပြန်နှိပ်ပါ။

Restore ကိုနှိပ်ပါ။


ပြီးရင် Rom Patcher Plus ကို ဖုန်းထဲကိုသွင်းရပါမယ်။ အောက်မှာရယူလိုက်ပါ။
Rom Patcher Plus အားရယူရန်
download လုပ်ပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ပြီးရင် Rom Patcher Plus ထဲကိုဝင်ပါ။
ပြီးရင် install server RP+ v1.4 နဲ့ Open4all RP+ ကို နှိပ်ပါ။ နှစ်ခုစလုံးကိုနှိပ်ပြီးရင် ဘေးက icon လေးမှာ အစိမ်းရောင်လေးတွေဖြစ်နေရပါမယ်။ အောက်ပုံအတိုင်းပါ။


ဒါဆိုရင် certificate error မဖြစ်အောင် hack လို့ပြီးပါပြီ။ အရင်တုန်းက ဖုန်းထဲမှာ သွင်းရင် certificate error ဖြစ်ဖြစ်နေတဲ့ application တွေကို ဖုန်းထဲမှာ သွင်းကြည့်ပါ။
certificate error မဖြစ်တော့ဘဲ အဆင်ပြေပြေသွင်းလို့ရသွားတာကိုတွေ့ရပါလိမ့်မယ်။

Ref : http://www.myanmarmobileapp.com/

Nokia Phone များအတွက် New Nokia Zawgyi Keyboard

မ​င်္ဂ​လာ​ပါ
Symbian ​သုံး​ဖုန်း​ဖြစ်​တဲ့ Nokia ​ဖုန်း​တွေ​မှာ ​ဇော်​ဂျီ​ကီး​ဘုတ်​အ​သစ် ​ရ​ပါ​ပြီ။ ​အ​စော​ပိုင်း​က​တော့ Opera Mini ​မှာ ​မြန်​မာ​လို ​မြင်​ရ​အောင်
လုပ်​ထား​ကြ​တော့ Web Text Editor ​လေး​နဲ့ Opera Mini ​ထဲ​မှာ​ပဲ ​ဇော်​ဂျီ​ကို ​ရိုက်​လို့​ရ​အောင် ​လုပ်​ခဲ့​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ကျွန်​တော်
Responsive ​အ​နေ​နဲ့ ​မ​ရေး​ခဲ့​တော့ ​ဖုန်း​အ​နေ​အ​ထား​ပေါ်​မူ​တည်​ပြီး ​အ​ဆင်​မ​ပြေ​ဖြစ်​တာ ​များ​ပါ​တယ်။
ဟိုး ​အ​ရင်​က​လည်း Nokia ​ဖုန်း​တွေ​အ​တွက် ​ကီး​ဘုတ်​တစ်​မျိုး ​ထွက်​ခဲ့​ပါ​သေး​တယ်။ ​ဒါ​ပေ​မယ် ​ထည့်​ဖို့​ရာ ​သိပ်​အ​ဆင်​မ​ပြေ​ပါ​ဘူး​။ ​ဖုန်း​ကို
Hack ​ထား​မှ ​ထည့်​လို့​ရ​ပါ​တယ်။ Hack ​ထား​ရင်​တောင်​မှ ​မူ​လ​ရှိ​ပြီး​သား ​ကီး​ဘုတ်​နေ​ရာ​မှာ ​အ​စား​ထိုး​ခွင့် ​မ​ပေး​တာ​မျိုး​လည်း ​ရှိ​ပါ​တယ်။
ယ​ခု​နည်း​က​တော့ ​ကျွန်​တော် ​တ​ရုတ်​ဆော့​ဖ်​ဝဲလ် Baidu Input ​ရဲ့ Skin ​ကို​သာ ​ဆွဲ​ထား​တာ ​ဖြစ်​တဲ့​အ​တွက် ​ဖုန်း​ကို Hack ​ထား​ဖို့​လည်း 
မ​လို​ပါ​ဘူး​။ Baidu Input ​ဆော့​ဖ်​ဝဲလ်​ကို​သွင်း​ပြီး ​ကိုယ်​ဆွဲ​ထား​တဲ့ ​ဇော်​ဂျီ​ကီး​ဘုတ် Skin ​ကို ​၎င်း Baidu Input ​မှာေ​ရွး​ပေး​လိုက်​ရုံ​ပါ​ပဲ။
ထည့်​သွင်း​နည်း
လို​အပ်​သော File ​များ​ကို Download ​လုပ်​လိုက်​ပါ။ ​ပြီး​နောက် Memory ​ထဲ​သို့ ​ကူး​ထည့်​ပါ။
Nokia Zawgyi Myanmar Keyboard
Zip ​တွင် Password ​ပါ​ခဲ့​ပါ​က nweyoe ​ဖြစ်​သည်။
အ​ဆင့် ​၁ ။ ။ Baiduinput_symbian3_v5_v3.1_1000e.sisx ​ကို ​ဖုန်း​ထဲ​၌Install ​လုပ်​ပါ။
အ​ဆင့် ​၂ ။ ။ C:\baidu\input\touchskin ​ထဲ​သို့ Zawgyi-Keyboard.bds ​ကို Copy ​ကူး​ထည့်​ပါ။ ​ဒီ​တိုင်း​ထည့်​မ​ရ​လျှင် X-plore
ကို​သုံး​၍​ထည့်​ပါ။ X-plore ​အ​ကြောင်း ​ဤ​နေ​ရာ​တွင် ​ရှင်း​ပြ​မ​နေ​တော့​ပါ။ )
ဒီ​အ​ဆင့်​ထိ​က​တော့ ​ဆော့​ဖ်​ဝဲလ်​ထည့်​ခြင်း ​ပြီး​ပါ​ပြီ။
ဇော်​ဂျီ​ကီး​ဘုတ် ​ပြောင်း​နည်း
Application Menu ​ထဲ​မှ Du ​ဆို​သော Icon ​လေး​ကို ​ဖွင့်​ပါ။ ​တ​ရုတ်​လို​တွေ ​ပေါ်​လာ​ပါ​လိမ့်​မယ်။
နံ​ပါတ် ​၁ ​ကိုေ​ရွး​ပါ။
နံ​ပါတ် ​၁ ​ကိုေ​ရွး​ပြီး​လျှင် ​အ​ပေါ်​ဆုံး​တစ်​ခု​ကိုေ​ရွး​ပါ။ ​နောက်​တစ်​ခု ​တက်​လာ​လျှင် ​အ​ပေါ်​ဆုံး​တ​ရုတ်​စာ ​ပါ​တာ​ကိုေ​ရွး​ပါ။ AknFEP
သည် ​မူ​လ ​ကီး​ဘုတ်​ဖြစ်​သည် )

Nokia Zawgyi Myanmar Keyboard
နောက်​သို့ ​ပြန်​ထွက်​ပါ။
နံ​ပါတ် ​၄ ​ကိုေ​ရွး​ပါ။
နံ​ပါတ် ​၄ ​ကိုေ​ရွး​ပြီး​လျှင် ​အ​ပေါ်​ဆုံး​တစ်​ခု​ကိုေ​ရွး​ပါ။
ပုံ​စံေ​ရွး​ခိုင်း​ပါ​လိမ့်​မည်။ ​ဒု​တိ​ယ Tab ​ကို​သွား​ပါ။ Baidu-Zawgyi-Keyboard ​ကိုေ​ရွး​နှိပ်​လိုက်​ပါ။ Popup ​တက်​လာ​လျှင် ​အ​ပေါ်​ဆုံး 
တစ်​ခု​ကိုေ​ရွး​ပေး​ပါ။ ​ဒု​တိ​ယ​တစ်​ခု​သည် ​ထည့်​ထား​သော Skin ​ကို Delete ​လုပ်​ခြင်း​ဖြစ်​သည်။ )

Nokia Zawgyi Myanmar Keyboard
အ​ဆင့်​ဆင့် Back ​ပြန်​သွား​၍ ​ထွက်​လိုက်​ပါ။
Message ​မှာ ​စာ​ဝင်​ရိုက်​ကြည့်၊ ​ကီး​ဘုတ်​ပေါ်​က ​အ​င်္ဂ​လိပ် ​အ​လံ​လေး​ကို​နှိပ်​ကြည့်​ပါ​ဦး​။ ​စာ​ရိုက်​မ​ရ​သေး​ပါ​က ​ညာ​ဖက် ​အ​ပေါ်​ဆုံး​ရှိ
 တ​ရုတ်​စာ​ကို ​နှိပ်​ပါ။ Horizontial ​ကိုေ​ရွး​လိုက်​ပါ။ဇော်​ဂျီ ​ကီး​ဘုတ် ​ပေါ်​လာ​ပါ​လိမ့်​မယ်။
ရိုက်​နည်း​က​တော့ ​ပုံ​မှန်​အ​တိုင်း​ပါ​ပဲ။ ​ပါဌ်​ဆင့်​တွေ​ကို​တော့ ​မူ​ရင်း​စာ​လုံး​နေ​ရာ​တွေ​မှာ ​ထည့်​ထား​ပါ​တယ်။ ​ဥ​ပ​မာ ​ဆ ​ရဲ့ ​ပါဌ်​ဆင့်​ကို​ရိုက်
မယ်​ဆို​ရင် ​ဆ ​ကို​ဖိ​ထား​လိုက်​ရုံ​ပါ။
အို​ကေ ​စာ​တော့ ​ရိုက်​လို့​ရ​သွား​ပါ​ပြီ။ ​စာ​ရိုက်​ဖို့​အ​တွက် ​ကီး​ဘုတ် ​သတ်​သတ်​ပါ​ပဲ။ Font ​ကို​မြင်​ရ​ဖို့​က​တော့ Font Zoomer ​လို​မျိုး
Font ​ပြောင်း​တဲ့ ​ဆော့​ဖ်​ဝဲလ်​သုံး​ပြီး ​ပြောင်း​ပါ။ Zawgyi Font ​ပြောင်း​လိုက်​လျှင် ​ဖုန်း​ထဲ​၌ ​တ​ရုတ်​စာ ​မြင်​ရ​တော့​မည် ​မ​ဟုတ်​ပါ။
Baidu ​ထဲ​မှ ​နံ​ပါတ် ​၄ ​ကို ​ပြန်​နှိပ်​ပြီး ​နောက်​ခံ​များ ​ပြောင်း​လဲ​နိုင်​ပါ​တယ်။ ​ပို​၍​သပ်​ရပ်​သော ​ကီး​ဘုတ်​လေး ​ရ​ပါ​လိမ့်​မယ်။
ကဲ ​ပို​ရှင်း​သွား​အောင် FAQ ​လေး ​ဆက်​ဖတ်​လိုက်​ပါ​ဦး​။
မေး​။ ။ ​ဇော်​ဂျီ​ကီး​ဘုတ်​အ​ပြင် ​ဘာ​ကီး​ဘုတ်​တွေ ​ပါ​သေး​လဲ။
ဖြေ။ ။ ​အ​င်္ဂ​လိပ်​ပါ​မယ်၊ ​တ​ရုတ် Pinyin ​ပါ​မယ်။
မေး​။ ။ ​ကီး​ဘုတ်​တော့ ​မြင်​ရ​ပြီ ​ဒါ​ပေ​မယ့် ​ရိုက်​လိုက်​ရင် ​လေး​ထောင့်​တုန်း​တွေ​ပဲ ​ပေါ်​တယ်။ ​ဘာ​ဖြစ်​လို့​လဲ။
ဖြေ။ ။ ​ဟုတ်​ကဲ့။ ​ဒါ​က ​ကီး​ဘုတ်​သတ်​သတ်​ပါ​ပဲ။ Font ​ကို​မြင်​ချင်​ရင် Font Zoomer ​လို Font ​ပြောင်း​ပေး​တဲ့ Software ​တစ်​မျိုး
ကို​သုံး​ပါ။ 
အဲ​ဒါ​ဆို​ရင် ​ဖုန်း​တစ်​ခု​လုံး​မှာ ​မြန်​မာ​လို ​ရိုက်​လို့​ရ​သွား​ပါ​ပြီ။ ​ဒါ​ပေ​မယ့် ​စာ​လုံး​ထပ်​ပြီး ​မ​သပ်​မ​ရပ် ​ဖြစ်​တဲ့ ​ပြ​ဿ​နာ​တော့ ​ရှိ​ပါ​တယ်။
မေး​။ ။ ​တ​ရုတ်​ဆော့​ဖ်​ဝဲလ်​ကို ​ပြန်​ပြင်​ထား​တာ​ဆို​တော့ Error ​များ ​ရှိ​နိုင်​မ​လား​၊ Master Reset ​ချ​မှ ​ပြန်​ဖြုတ်​လို့ ​ရ​တာ​မျိုး​ပေါ့​။
ဖြေ။ ။ ​မ​ရှိ​ပါ​ဘူး​။ ​ဖြုတ်​ချင်​ရင် Baidu Input ​ကို ​အ​လွယ်​တ​ကူ​ပဲ ​ပြန်​ဖြုတ်​နိုင်​ပါ​တယ်။ ​မူ​လ​ကီး​ဘုတ် (AknFEP ​ကို Baidu Input
ထဲ​မှာ ​ပြန်ေ​ရွး​ပြီး​ရင်​ပေါ့​။
မေး​။ ။ Contact ​နာ​မည်​ပြောင်း​တာ​တွေ၊ Message ​ပို့​တာ​တွေ​မှာ ​စာ​လုံး​တွေ ​မ​သပ်​မ​ရပ်​ဖြစ်​တာ​မျိုး​နဲ့ ​စာ​လုံး​ထပ်​တာ​တွေ​ရှိ​ပါ
တယ်။ ​အ​မှန်​အ​တိုင်း ​သပ်​သပ်​ရပ်​ရပ်​မြင်​အောင် ​ဘယ်​လို​လုပ်​ရ​ပါ​မ​လဲ။
ဖြေ။ ။ ​ဇော်​ဂျီ​မှ ​မ​ဟုတ်​ပါ​ဘူး​။ ​အ​ခြား ​မြန်​မာ Font ​တွေ​ထည့်​လည်း ​ဖြစ်​ပါ​တယ်။ ​အ​ခု​တွေ့​ရ​သ​လောက်​က​တော့ Symbian
ဖုန်း​ထဲ​မှာ ​မြန်​မာ​စာ​ကို ​သပ်​သပ်​ရပ်​ရပ်​နဲ့ ​အ​မှန်​အ​တိုင်း ​မြင်​နိုင်​တာ Vibar ​ထဲ​မှာ​ရယ်၊ Nokia Car Mode ​မှာ​ရယ်၊ Blob ​ဆို​တဲ့
Blogger and WordPress Client ​ထဲ​မှာ​ရယ်​ပါ​ပဲ။

Myanmar Nokia Zawgyi Keyboard
မေး​။ ။ ​ဒီ​ကီး​ဘုတ်​ကို ​ပို​ကောင်း​အောင် ​လုပ်​ဖို့​ရှိ​ပါ​သ​လား​။
ဖြေ။ ။ ​ဟုတ်​ကဲ့​ဗျာ၊ ​ဒီ​ကီး​ဘုတ်​ရယ်​မှ ​မ​ဟုတ်​ပါ​ဘူး​၊ ​အ​ခြား​သော ​အ​ဆင်​ပြေ​တာ​မျိုး​တွေ့​ရင်​လည်း ​လုပ်​ဖြစ်​ဦး​မှာ​ပါ​ပဲ။
မေး​။ ။ ​အဲ​ဒီ​လို​မျိုး Skin ​ကို ​ကိုယ့်​တိုင်း​ကိုယ် ​လုပ်​ကြည့်​ချင်​တယ်။ ​ရ​နိုင်​ပါ့​မ​လား​။
ဖြေ။ ။ ​ရ​တာ​ပေါ့​ဗျာ။ ​စိတ်​ပါ​လို့ ​လုပ်​ချင်​တယ်​ဆို​ရင် http://shouji.baidu.com/input/ ​ကို​သွား​ပါ။ ​လို​အပ်​တဲ့ ​ဆော့​ဖ်​ဝဲလ် Baidu
Input ​ရဲ့ Skin ​ပြောင်း​တဲ့ ​ဆော့​ဖ်​ဝဲလ် ​ကို Download ​လုပ်​ပါ။ ​ကိုယ့်​တိုင်း​ကိုယ် ​ပြု​ပြင်​တီ​ထွင်​နိုင်​ပါ​တယ်။
ကဲ ​ကျွန်​တော်​မေး​ပြီး ​ကျွန်​တော်​ဖြေ​ထား​တာ​လေး ​ဖတ်​ပြီး​ရင်​တော့ ​သ​ဘော​ပေါက်​လောက်​ပါ​ပြီ​နော်။

Ref : http://thanhtikezaw.blogspot.com

Font Zoomer v3.31 ကို အသုံးပြုပြီး Nokia ဖုန်းတွေ မှာ မြန်မာဖောင့်နဲ့ မြန်မာလိုပေါ်အောင်လုပ်နည်း

Nokia မှာမြန်မာဖောင့်ထည့်ချင်တယ်လို့ comment ပေးသွားတာတွေ့လို့ပါ။ မြန်မာဖောင့်သွင်းဖို့ အတွက် Font Zoomer ဆိုတဲ့
software လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ Nokia C7 မှာတင်မကပါဘူး ။ တခြား Nokia smart phone တွေဖြစ်တဲ့Nokia 5230,
5233, 5235, 5530, 5800, X6, C5, N97mini, N97 တို့မှာလည်း ဒီ ဆော့ဝဲလေးကိုသွင်းလို့ရပါတယ်။ အောက်မှာရယူနိုင်ပါ
တယ်။

Font Zoomer v3.31
Font Zoomer v3.31

software လေးကို download ဆွဲပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ ။ ပြီးရင် သွင်းချင်တဲ့ မြန်မာဖောင့်ကို ဖုန်းရဲ့ sd card
ထဲကို copy လုပ်လိုက်ပါ။ပြီးရင် ဖုန်းရဲ့ file manager ထဲကနေ၀င်ပြီး ခုနက sd card ထဲကို copy လုပ်ထားတဲ့ မြန်မာဖောင့်ကို
C:datafontzoomer အောက်ကို ရွေ့လိုက်ပါ။
ပြီးပြီဆိုရင် Font Zoomer program လေးကို ဖွင့်လိုက်ပါ။ Font Zommer ထဲရောက်ပြီဆိုရင် option ကိုရွေးပါ။ option ထဲကနေ
list of font ကိုရွေးပါ။ list of font ထဲကနေ ခုနက သွင်းထားတဲ့ မြန်မာဖောင့်ကိုရွေးလိုက်ပါ။ ပြီးရင် phone ကို restartချလိုက်ပါ။
ပြန်တက်လာပြီဆိုရင် မြန်မာလိုရေးထားတဲ့စာတွေကို မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။

တခြားသွင်းလို့ရတဲ့ဖုန်းအမျိုးအစားများ

Nokia 5800, Nokia 5230, Nokia 5233, Nokia 5250, Nokia 5228, Nokia 5235, Nokia 3250, Nokia 5320, Nokia 5500,
Nokia 5530, Nokia 5630, Nokia 5700, Nokia 5730,Nokia 6110, Nokia 6120, Nokia 6124, Nokia 6210, Nokia 6220,
Nokia 6290, Nokia 6650, Nokia 6710, Nokia 6720, Nokia 6730, Nokia 6760, Nokia 6788, Nokia 6790,Nokia: E50,
E51, E52, E55, E60, E61, E62, E63, E65, E66, E70, E71, E72, E75, E90, N8, N71, N73, N75, N76, N77, N78, N79,
N80, N81, N82, N85, N86, N91,N92,N93, N95, N96, N97, N97 mini, X6, C7-00, E7-00, C5-03, C6.

Ref : http://aksthutakabar.blogspot.com/

No comments:

Post a Comment